မန်ယူမှတ်တမ်းရုပ်ရှင်ကြောင့် လက်ရှိရုန်းကန်နေရတဲ့ မန်ယူအသင်းကို ခွန်အားဖြစ်ရန် ဘက်ဟမ်း မျှော်လင့်

မေ ၁၁

      ၁၉၉၈-၉၉ ဘောလုံးရာသီက ဆုဖလား ၃ လုံးရခဲ့တဲ့ မန်ယူအသင်းရဲ့ မှတ်တမ်းရုပ်ရှင်က လက်ရှိရုန်းကန် နေရတဲ့ အသင်းသားတွေအတွက် ခွန်အားဖြစ်စေဖို့မျှော်လင့်ထားတယ်လို့ မန်ယူကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ဟမ်း က ပြောခဲ့ပါတယ်။

       ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို ရရှိခဲ့တဲ့ နည်းပြ ဖာဂူဆန် ရဲ့ မန်ယူအသင်း အကြောင်း မှတ်တမ်းရုပ်ရှင်ကို Amazon ကရိုက်ကူးခဲ့ပြီး မေလ ၉ ရက်က မန်ချက်စတာမှာ အစမ်းပြသခဲ့တာ ဖြစ်ပါတယ်။ ယခုရာသီတွင် မန်ယူအသင်းဟာ ရုန်းကန်နေရပြီး ၂၀၁၃ နောက်ပိုင်းကစတင်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ပါ ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။

      မန်ယူအသင်းနဲ့ ဆက်စပ်နေတဲ့သူတိုင်း အခုမှတ် တမ်းရုပ်ရှင်ကို ကြည့်ရှုသင့်တယ်လို့ အကြံ ပေးချင်သလို ၁၉၉၉ မန်ယူအသင်းရဲ့ အောင်မြင်မှုပုံရိပ်တွေက လက်ရှိမန်ယူအသင်းသားတွေအတွက် ခွန်အားဖြစ်စေမှာ သေချာ တယ်လို့ ဒေးဗစ်ဘက်ဟမ်း က ပြောသွားခဲ့တာဖြစ်ပါတယ်။

      မန်ယူအသင်းဟာ အခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပဲလေ့စ်အသင်းကို ဂိုးပြတ်ရှုံးထားလို့ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

#PAN