ထမင်းစားတိုင်း ဆားမပါပဲစားနေရတဲ့ ထီးလင်းမြို့က ပြည်သူတွေကို သတိရနိုင်ကြပါစေလို့ မြို့ခံတွေ ဆုတောင်းနေ

(ပြည်တွင်း) မေ ၁၁

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့ကို အကြမ်းဖက်အဖွဲ့များမှ ၂ နှစ်ကျော်ပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး ယခုအခါ ဆားနှင့်ငါးပိ လုံးဝပြတ်တောက်သွားပြီဖြစ်သည့်အတွက် မြို့နေပြည်သူလူထုများ နိုင်ငံဝန်ထမ်းများမှာ မြို့မှ အကြမ်းဖက်များထံ ငွေကျပ်သိန်း နှစ်ဆယ်နှင့်အထက်ပေးကာ အကြမ်းဖက်တို့ အလိုကျ ထွက်ခွာသွားနေကြရပါပြီဖြသ်ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

“အရင်က ထီးလင်းမြို့ပေါ်တွင် လူဦးရေ ၆၀၀၀ ခန့်၊ နိုင်ငံဝန်ထမ်း ၅၀၀ ခန့် ရှိခဲ့ရာ လက်ရှိ မြို့နေပြည်သူလူထု ၁၇၀၀ ခန့်နှင့် နိုင်ငံဝန်ထမ်း ၂၀၀ ခန့်သာ လက်ရှိကျန်ရှိပါတော့တယ် ဟု မြို့ခံများမှ ပြောသည်။

စားဝတ်နေရေး အခက်ခဲမှုများကြောင့် နိုင်ငံဝန်ထမ်းများမထွက်ချင်ပဲ ထွက်ခွာသွားရခြင်း ၊မြန်မာ့တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ  ထွက်ပြေးခြင်းများ ဖြစ်ပေါ်နေကြောင်းသိရသည်။

“ပြည်သူ့စစ်တွေပါ ဆား၊ငါးပိနဲ့ အခြားစားသောက်ကုန်တွေလုံးဝမရှိတော့ဘူး ဒုက္ခရောက်နေကြရပြီး နောက်ဆို မထင်မှတ်ထားတာတွေပါဖြစ်ပေါ်လာနိုင်တယ်” ဟုလည်း ဒေသခံများ၏​​ေပေါဆိုချက်အရ သိရသည်။

မေလ ၉ ရက်နေ့ တစ်ရက်တည်းမှာတင် ထီးလင်းမြို့ပေါ်မှ ထွက်ခွာသူ 50 ကျော်နှင့် နိုင်ငံဝန်ထမ်း ၁၀ ဦးကျော်ထိ ရှိကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များမှ နိုင်ငံဝန်ထမ်းတစ်ဦးလျှင် ကျပ်သိန်းနှစ်ဆယ်တောင်းယူပြီး ဒေသခံပြည်သူမိသားစုအလိုက် တစ်ဖွဲ့ကို အနည်းဆုံး ငွေကျပ် ၅၀၀၀၀နှင့်အထက် ကောက်ခံကာ အဖွဲ့ပေါင်း ဆယ်ဖွဲ့မကလာရောက်တောင်းယူနေကြကြောင်းလည်း

ငွေကောက်ခံပြီးသည့်သူများ မြို့မှစွန့်ခွာကာ အခြား မြို့တွင် သွားရောက် အလုပ်ပြန်‌ဝင်နေကြသည်ဟုဆိုကာ ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများကို ပြန်မလွှတ်တော့ပဲ NUG မှာ ဌာနအလိုက်တာဝန်ပေးတဲ့ နေရာတွင် တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ကြားသိရသည်။

“စိတ်မကောင်းစရာက ထီးလင်းမြို့နယ်က အနည်းငယ်လေးပဲရှိတဲ့ ကျန်မာရေးဝန်ထမ်းတွေပါသွားတာပဲ။ ယခုလက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုပါ မပေးနိုင်တော့တဲ့ ထီးလင်းမြို့ကို အမြန်ကယ်တင်ပါ။ ဆား နှင့် ငါးပိတော့ အမြန်ရောက်အောင် ပို့ပေးကြပါ။ ကုန်စီ စီးဆင်းမှု ဖြစ်ပေါ်စေရန် အမြန်ဆောင်‌ရွက်ပေးကြပါ။ ထမင်းစားတိုင်း ဆားမပါပဲစားနေရတဲ့ ထီးလင်းမြို့က ပြည်သူတွေကို သတိရနိုင်ကြပါစေ” ဟု သက်ဆိုင်ရာ တာဝန်သူများကို ထီလင်းမြို့နယ်က ဒေသခံပြည်သူများက မေတ္တာပို့ ဆုတောင်း ပြောဆိုနေကြသည်။

#PAN