တာချီလိတ်မြို့နယ်တွင်း ဆိုင်ကယ်များအား လိုက်လံ ခိုးယူနေသည့် တရားခံ ၄ ဦးနဲ့အတူ ဆိုင်ကယ် ၁၃ စီးအားဖမ်းဆီးရ

မေ ၁၂

မေလ ၅ ရက်နေ့၊ ည ၁၂ နာရီခွဲအချိန် တာချီလိတ် မြို့နယ်၊ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်းမပေါ်တွင် ခိုးမှုသံသယရှိ ခန့်သူရလင်း (ခ) အငယ်ကောင် (ခ) အိုက်ဒန်း အား M SLAZ အမျိုးအစား၊ အနက်ရောင်ဆိုင်ကယ်အား စီးနင်းလာသည်ကိုမသင်္ကာဖွယ်တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ် (၂)လမ်း၊ နေအိမ်လိုင်းခန်းငှားတစ်ခုအတွင်းမှ ခိုးယူခဲ့သော ဆိုင်ကယ်ဖြစ်ကြောင်းသိရပြီး စစ်ဆေးမေးမြန်းရာမှ နောက်ဆက်တွဲ ခိုးယူမှုများအား သိရှိနိုင်ရန် ဆက်လက် စစ်ဆေးခဲ့ကြောင်းသိရှိရသည်။မြို့မရဲစခန်း (ပ) ၅၇ / ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ – ၃၈၀ /၁၁၄ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသာတရားခံများ မောင်ဝ (ခ) အာကာဦး အား ဖမ်းဆီးရမိနိုင်ရေးနှင့် တာချီလိတ်မြို့ပေါ် ဆိုင်ကယ်ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မေလ ၉ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာလယ်လမ်း၊ ရဲစိုက်ခင်းအနီးတွင် အာကာဦး (ခ) မောင်ဝ၊သီဟ၊ အေးကို တို့အားဖမ်းဆီးရမိခဲ့ရာမြို့ပေါ် ရပ်ကွက်အသီးသီးမှခိုးယူခဲ့သည့် ဆိုင်ကယ် ၁၃ စီးနဲ့အတူ အာကာဦး (ခ) မောင်ဝ ၂၉ နှစ်၊ ဆန်ဆိုင်း (က) ရပ်ကွက်၊ သီဟ ၂၀ နှစ်၊ ဝိန်းကျောက်ရပ်ကွက်၊ အေးကို ၁၉ နှစ် ပုန်းထွန်ရပ်ကွက်၊ ခန့်သူရလင်း (ခ) အငယ်ကောင် (ခ) အိုက်ဒါန်း ၂၀ နှစ်၊ ဝမ်မိုင်ရွာ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်နေတို့အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။ကျန်ရှိသည့် ပျောက်ဆုံးဆိုင်ကယ်များအားလည်း ဖမ်းမိနိုင်ရန်အတွက် စုံစမ်းအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး၊ယခုပြန်လည် လက်ရသိမ်းဆည်းရမိသည့်ဆိုင်ကယ်များအားလည်း ပိုင်ရှင်များထံသို့ပြန်လည် အပ်နှံနိုင်ရေး ဆောင်ရွက်မည်ဟု သိရှိရသည်။

#PAN