“သီတဂူစက္ခုဒါနဆေးရုံကြီး၌ အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှု ၂ ရက်အတွင်း လူနာပေါင်း ၅၀၀ ကျော် ကုသပေးနိုင်ခဲ့”


(ပြည်တွင်း) မေ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံကြီးမှာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှု ပြုလုပ်ပေးလျှက်ရှိရာ ၂ ရက်အတွင်း လူနာပေါင်း ၅၀၀ ကျော်အား ကုသပြီးစီးခဲ့တယ် လို့ သိရပါတယ်။
အဆိုပါ ခွဲစိတ်ကုသပေးရာတွင် မေလ ၅ ရက်‌မှ ၆ ရက်အထိ ၂ ရက်အတွင်း စမ်းသပ်စစ်ဆေးလူနာ ၄၉၂ ဦးနှင့် ခွဲစိတ်ကုသပေးတဲ့လူနာ ၅၆ ဦး စုစုပေါင်း ၅၄၈ ဦးကို ကုသပေးနိုင်ခဲ့ပါတယ်။
ခွဲစိတ်ကုသပေးမှုအတွက် ယခင်က ၂၀၂၄ ခုနှစ် မေလ ၆ ရက်မှ စတင်ကုသပေးမယ်လို့ အသိပေးထားသော် လည်း ကုသလူနာများတဲ့အတွက် တစ်ရက်ခန့်စောပြီး ကုသပေးနေခြင်းဖြစ်ကာ မေလ ၈ ရက် နောက်ဆုံးထား ကုသ ပေးသွားမှာဖြစ်ပါတယ်။
သီပေါမြို့၊ သီတဂူစက္ခုဒါနဆေးရုံကြီး၌ အခမဲ့မျက်စိခွဲစိတ်ကုသပေးမှုသည် (၅၃) ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးမှ ကျပ်ငွေ သိန်းပေါင်း ၁,၃၃၃ သိန်းခန့် ကုန်ကျခံဆောက်လုပ်ကာ ၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ကာလမှာ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလအတွင်းမှာ (၄၈) ကြိမ်မြောက် ပြန်လည်ဖွင့်လှစ် ခွဲစိတ်ကုသဆောင်ရွက်ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

#PAN

#HH