နိုင်ပွဲအများဆုံးစံချိန် ကို လိုက်မီခဲ့တဲ့ အာဆင်နယ်အသင်း


(အားကစား) မေ ၇

အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲအများဆုံး စံချိန်ကို လိုက်မီခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ပထမတန်းခေတ်မှာ တစ်ရာသီအတွင်း နိုင်ပွဲ ၂၉ ပွဲအထိ ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ခေတ်မှာ အများဆုံးနိုင်ပွဲ ၂၆ ပွဲသာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၀၁-၀၂၊ ၂၀၀၃-၀၄ ရာသီနှင့် ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတိုမှာ နိုင်ပွဲ ၂၆ ပွဲ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ယခုရာသီမှာ ပြိုင်ပွဲပြီးဆုံးရန် ၂ ပွဲအလိုမှာ နိုင်ပွဲ ၂၆ ပွဲ ရရှိခဲ့ခြင်းဖြစ်ပြီး လက်ကျန်နှစ်ပွဲမှာ အနိုင်ရရှိခဲ့ပါက ပရီးမီးယားလိဂ်ခေတ် နိုင်ပွဲစံချိန်သစ်တင်နိုင်မှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22349

PAN

SZ