Painted Jezebel” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပိုတံဆိပ်ခေါင်းသစ်ထုတ်ဝေမည်


မေ ၄

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထား မှတ်ချက် ပြုထားသော “Painted Jezebel” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုးကို ၂ဝ၂၄ ခုနှစ်၊ မေလ ၅ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁၂ ရက် တနင်္ဂနွေနေ့ နံနက် ၉ နာရီခွဲမှ စတင်ပြီး နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီး တို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက် တနင်္ဂနွေနေ့မှာ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးသွားမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22246

PAN

SZ