သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီးရှိ တံတားအား KNU/PDF အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲဖျက်ဆီး


မေ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာအနီး မိုင်တိုင်အမှတ် ၁၃၇/၀ နှင့် ၁၃၇/၁ အကြားတွင်ရှိသော အကျယ် ၁၅ ပေခန့်ရှိသည့် တံတားကို KNU/PDF အကြမ်းဖက်များမှ ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ယင်း ဖောက်ခွဲဖျက်ဆီးမှုကြောင့် တံတား၏ လက်ရန်းအနည်းငယ်ကျေမွပျက်စီးသွားခဲ့ရပြီး မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ကြောင်းသိရသလို မိုင်းပေါက်ကွဲမှုကြောင့် သထုံမှဘီးလင်းဘက်သို့ မောင်းနှင်လာသော ဦးသန်းဇော်၊ အသက် ၅၄ နှစ်၊ နတ်မောက်မြို့၊ မကွေးတိုင်းဒေသကြီးနေသူ၏ ၁၀ ဘီးကား HINO အဖြူရောင် 5j/2659 ၏အရှေ့ဖက် လေကာမှန်ကွဲကြေ၍ အရှေ့မီးသီးနှင့် ကာဘာများပျက်စီးသွားပြီး ဦးသန်းဇော်၏ ယာဖက်လက်ကောက်ဝတ် ကွဲရှဒဏ်ရာ၊ ယာလည်ပင်းထိခိုက်ဒဏ်ရာအချို့ (မစိုးရိမ်ရ) ရရှိခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ မိုးကောင်းပရဟိတ လူမူကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22245

PAN

SZ