လားရှိးတွင် နိုင်ငံကူးလက်မှတ်အား Online Appointment System ဖြင့် ပြောင်းလဲသတ်မှတ်


(ပြည်တွင်း) မေ ၃

လားရှိးမြိုရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် ယခင် လူတန်းစီစနစ်ဖြင့် ရက်ချိန်းယူရ‌သော်လည်း မေလ ၂ ရက်မှစတင်ပြီး Online Appointment System ဖြင့်ပြောင်းလဲ သတ်မှတ် ဆောင်ရွက်ပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါ လူတန်းစီစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော မြစ်ကြီးနား၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ စစ်တွေ၊ ဟားခါး၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မကွေးမြိုတို့တွင် မေလ ၂ ရက်မှ Online Appointment System ဖြင့်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအ‌နေဖြင့် မေလ ၁ ရက် နံနက် ၉ နာရီမှ စတင်ရက်ချိန်းယူနိုင်မှာ ဖြစ်ပါတယ်။

နေပြည်တော်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲများတွင် ရန်ကုန်တိုင်းဒေသကြီး အိမ်ထောင်စုစာရင်းနှင့် Online Booking လျှောက်ထားနိုင်ပြီး ကယားပြည်နယ် အိမ်ထောင်စုစာရင်း ဝင်သူများကတော့ ပြည်နယ်အစိုးရအဖွဲ့ (သို့မဟုတ်) တိုင်းစစ်ဌာနချုပ် ထောက်ခံချက်ဖြင့် တောင်ကြီးရုံးခွဲသို့ ရွေးချယ်လျှောက်ထားနိုင်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် ကျန်ရှိနေတဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရုံးခွဲများမှာ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းဝင်များကို လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားသူများ ရက်ချိန်းများယူရာမှာ မိမိတိုရဲ့ အိမ်ထောင်စု စာရင်းများရှိရာ ရုံးခွဲများကို ရွေးချယ်ပြီး ကိုယ်တိုင်ဆောင်ရွက်နိုင်ရန် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ Website ဖြစ်တဲ့ www.passport.gov.mm မှာ ကြိုတင်လေ့လာနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews/22244

PAN

SZ