ယူကရိန်းပဋိပက္ခအတွင်း သိမ်းဆည်းရမိခဲ့သည့် အနောက်နိုင်ငံထုတ်လက်နက်များကို ရုရှားထုတ်ဖော်ပြသ


(နိုင်ငံတကာ) မေ ၃

ရုရှားအစိုးရသည် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခအတွင်း သိမ်းဆည်းရမိခဲ့သည့် အနောက်နိုင်ငံထုတ် လက်နက်များကို မော်စကိုမြို့တော်၌ ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။

ရုရှားတပ်များက သိမ်းဆည်းနိုင်ခဲ့သည့် အဆိုပါလက်နက်များမှာ ယူကရိန်းသို့ ထောက်ပံ့ပေးထားသော လက်နက်ပစ္စည်းများဖြစ်ရာ ယူကရိန်းစစ်ပွဲတွင် အမေရိကန်အပါအဝင် နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများ၏ ပါဝင်စွက်ဖက်မှုအတိုင်းအတာကို ကမ္ဘာ့နိုင်ငံများက တွေ့မြင်နိုင်မည် ဖြစ်သည်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်များတွင် MI Abrams တင့်ကားများလည်း ပါဝင်သည်။

ရုရှားအစိုးရသည် အဆိုပါပြပွဲကို ၁၉၄၅ ခုနှစ်က ဆိုဗီယက်တပ်နီတော် က နာဇီဂျာမနီအပေါ် အောင်ပွဲခံ သည့် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသော ပြတိုက်၏ပြင်ပတွင် မေလ ၁ ရက်က စတင်ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

ယင်းပြပွဲ၏အမည်မှာ “ရုရှားတပ်မတော်၏အောင်မြင်မှု” ဟူ၍ ပေးထားကြောင်း သိရသည်။

ယခု ထုတ်ဖော်ပြသထားသည့် စစ်လက်နက်ပစ္စည်းများသည် ရုရှားနိုင်ငံ၏ အင်အားကို ထင်ဟပ်ပြသနေခြင်းဖြစ်ပြီး မိမိတို့တွင် အင်အားပိုမိုတောင့်တင်းလေလေ၊ မိမိတို့ရုရှားနိုင်ငံ၏ အင်အားမှာ ပိုမိုကြီးမားလာမည် ဖြစ်ကြောင်း၊ အနောက်နိုင်ငံများက ယူကရိန်းအားထောက်ပံ့ ပေးနေသည့် စစ်လက်နက်အသစ်များသည် စစ်မြေပြင်၏ အခြေအနေကို ပြောင်းလဲစေမည်မဟုတ်သောကြောင့် ရုရှားတပ်မတော်က ဆင်နွှနေသည့် အထူးစစ်ဆင်ရေးမှာလည်း အောင်မြင်မည် ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22240

PAN

#SZ