မေ ၃
မွေးနေ့ပွဲတစ်ခုအတွင်း မြန်မာဘီယာသောက်ပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့တဲ့ TNLA က အဖွဲ့ဝင်တွေကို အလုပ်ကြမ်းနဲ့ ကြိမ်ဒဏ်တွေကို ချမှတ်အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးငယ်တစ်ဦးရဲ့ မွေးနေ့ပွဲပါတီတစ်ခုမှာ TNLA က အဖွဲ့ဝင်အများအပြားဟာ မြန်မာဘီယာသောက်ပြီး ပျော်ရွှင်နေတဲ့ ပုံတွေကို လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဓာတ်ပုံတွေ အွန်လိုင်းထက်မှာ ပျံ့နှံ့လာတဲ့အပေါ် ပြည်သူတွေရဲ့ ဝေဖန်ကဲ့ရဲ့သံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်မှာ အခုလို အပြစ်ပေး အရေးယူထားတယ်လို့ TNLA ဘက်က အသိပေးလာတာ ဖြစ်ပါတယ်။
“ပွဲတစ်ခုခုလုပ်တိုင်း ပါပါတယ်ဗျာ။ ဦးပိုင်နဲ့ ကင်းတဲ့ ဘီယာအရက်ဆိုတာ လက်ချိုးရေလို့တောင် ခပ်ရှားရှားပါ။ အခုက လိုင်းပေါ်မှာ ပွနေပြီးတော့ လူတွေကပါ ဝေဖန်ထောက်ပြလာကြတော့မှ အရှက်ပြေ အရေးယူတယ်လုပ်တာပါ။ အဲဒီအရေးယူပါတယ်လို့ ပြောတဲ့သူတွေကိုယ်တိုင်တောင် အဲဒီမြန်မာဘီယာနဲ့ မကင်းပါဘူ”လို့ TNLA နဲ့ အလှမ်းမဝေးသူတစ်ဦးက ပြောပါတယ်။
မြန်မာဘီယာနဲ့ မွေးနေ့ပွဲလုပ်ခဲ့ကြတဲ့ မွေးနေ့ရှင်မိန်းကလေးနဲ့ TNLA အဖွဲ့ဝင်တွေကို အလုပ်ကြမ်း ၁ လ၊ ကြိမ်ဒဏ် ၁၀ ချက်နဲ့ အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်ကြဖို့ အပြစ်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်တော်က အာဏာထိန်းလိုက်ပြီးနောက် မြန်မာ့တပ်မတော်ရဲ့ အရေးပါတဲ့ အရေးပါသော စီးပွားရေးလုပ်ငန်းတွေ ပြိုလဲသွားဖို့နဲ့ ဝင်ငွေလမ်းကြောင်းတွေ ပိတ်သွားဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့တပ်မတော် ထုတ်ကုန်တွေကို မသုံးစွဲဖို့ တားမြစ်ထားခဲ့ကြတာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ တိုက်ပွဲနယ်မြေတွေအထိ မြန်မာ့တပ်တော်ရဲ့ ဦးပိုင်ထုတ်ကုန်တွေဟာ ရောင်းအားကောင်းနေဆဲ၊ အသုံးပြုမှု များနေဆဲ ဖြစ်ပါတယ်။
Telegram>>…
https://t.me/positiveanglenews/22250