ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်မှ မြန်မာအလုပ်သမား ၁,၁၀၀ ကျော် ခေါ်ယူမည်


(ပြည်တွင်း) မေ ၃

ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်မှ မြန်မာအလုပ်သမားဦးရေ ၁,၁၀၀ ကျော်ကို ခေါ်ယူသွားမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ထုတ်ပြန်ထားကြောင်း သိရပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသားဦးရေ ၃၈၀ ကျော်နှင့် အမျိုးသမီးဦးရေ ၈၁၀ ကျော် စုစုပေါင်းလူဦးရေ ၁,၁၀၀ ကျော်ကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

မြန်မာသံရုံးအနေနဲ့ အလုပ် သမားဝန်ကြီးဌာနမှ ပေးပို့ထားသော အလုပ်ကမ်းလှမ်းစာများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းစိစစ် ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီက အလုပ်ခေါ်ယူမယ့် စက်ရုံ၊ ကုမ္ပဏီများကို ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများ စိစစ်တွေ့ရှိချက်များနှင့် သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ထုန်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မြန်မာသံရုံး တိုကျိုမြို့အနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာလက်ခံရရှိစေရေး၊ ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ လက်ခံရရှိကာ စိစစ်ပြီးစီးလျက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပိုပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ ၄၀၈ ခုနှင့်ပတ်သက်သည့် အချက်အလက်များအား အသိပေးထုတ်ပြန် ထားကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22243

PAN

SZ