အရာတော်မြို့နယ်၊ ကလေးမြို့နယ်တို့မှ အကြမ်းဖက် PDF အဖွဲ့များ၏ ဒရုန်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


မေ ၂

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ယင်းမကန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF အဖွဲ့များ၏ Fixed Wing Drone ၁ စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ Drone Gun ဖြင့် ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုအတူ ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်လည်း ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂၅ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22220?single

PAN