မေ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုတွင် တိုက်ပွဲဖြစ်စဉ်များကြောင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များ မြိုမဈေးကြီး၊ ပြည်သူ့ဆေးရုံကြီးနှင့် ဆေးပေးခန်းများ ပျက်စီးဆုံးရှုးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် မြိုနေပြည်သူလူထုများသည် ဘေးလွတ်ရာနေရာဒေသများသို ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရာ ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကော့ကရိတ်မြိုအတွင်း ပြန်လည်ဝင်ရောက်နေထိုင် လျက်ရှိပြီး ၎င်းပြည်သူလူထုများ နေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲမှ ပြန်လည်ဖွံဖြိုးရေးလုပ်ငန်းများအား စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဖွံဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ရပ်ကွက်အတွင်းရှိ နေအိမ်များအား တပ်မတော်သားများ မြန်မာနိုင်ငံရဲတပ်ဖွဲနှင့် မီးသတ်တပ်ဖွဲဝင်များက သန့်ရှင်းရေးရှင်းလင်းဖယ်ရှားခြင်း ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးသည်။
ကော့ကရိတ်မြိုတွင် ရပ်ကွက် (၇) ရပ်ကွက်နှင့် ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာတိုတွင် အိမ်ခြေပေါင်း (၁၀၄၃၂) အိမ်၊အိမ်ထောင်စုပေါင်း (၁၁၀၁၉) စုနှင့် လူဦး ရေပေါင်း (၆၉၂၃၈) ရှိပြီး အဆိုပါဖြစ်စဉ်များကြောင့် အိမ်ထောင်စုအားလုံး ယာယီရွှေ့ပြောင်းနေထိုင်ကြရာမှ ကော့ရိတ်မြိုအတွင်းသို ဧပြီလ ၂၇ ရက်နေ့မှစတင်ပြီး ယာယီရွှေ့ပြောင်းနေထိုင်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့တွင်လည်း ယာယီရွှေ့ပြောင်းနေထိုင်သူ (၃၈၇) ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် (၈) ပြည်၊ ဆီငါးဆယ်ကျပ်သား၊ ခေါက်ဆွဲထုပ် (၁၀) ထုပ် ထောက်ပံ့ပေးခဲ့ပြီး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပစ္စည်းပုံးများအား ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
VK Link>>…
https://vk.com/wall-220066330_6218
Telegram>>…
https://t.me/positiveanglenews/22230