မေ ၁
လာမယ့် မေလ ၅ ရက်နေ့မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဘုရားရင်ပြင် သန့်ရှင်းရေးဒါနကို ပြုလုပ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရပါတယ်။
တင်္နသာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ စုပေါင်းပြီး ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးမှာ သန့်ရှင်းရေးဒါနပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
မီးသတ်တပ်ဖွဲ့နဲ့ မိသားစုဝင်တွေဟာ ဘုရားကို ရေသပ္ပါယ်တာတွေ၊ စေတီရင်ပြင်တော်နဲ့ သာသနိကအဆောက်အဦတွေကို သန့်ရှင်းရေးပြုလုပ်တာတွေကို ဆောက်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram>>…
https://t.me/positiveanglenews/22195?single