KNU မီးရှို့နေတဲ့ ကော့ကရိတ်မြို့ကို မီးငြှိမ်း‌ပေးမည့် မီးသတ်နှင့် မြို့ခံတွေကို KNU ပစ်ခတ်နေ


မတ် ၁၁

KNU ကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့ဗိုလ်ချုပ်လမ်းမကြီး အမှတ် ၆ရပ်ကွက် မြို့မကျောင်းဘေးရှိ အမက ၇ ဘေးနားရှိ ဆိုင်ခန်းများနှင့် အိမ်များကို ယနေ့ မတ်လ ၁၁ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်က စတင်မီးရှို့ခဲ့ကြသည်။

ညနေ ၆ နာရီခွဲ အချိန်တွင် ကော့ကရိတ်မြို့အမှတ် ၆ ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် မီးလောင်မူကို လုံခြုံရေးအဖွဲ့များ အိမ်စောင့်ကျန် အရပ်သား ၃၀ ဦးတို့မှ ကြိုးစားငြှိမ်းသတ်နေကြကြောင်း သိရသည်။

ညနေ ၆း၅၀ အချိန် ဒေသခံသတင်းပေးချက်အရ ကော့ကရိတ်မြို့အမှတ် ၆ ရပ်ကွက် နေကြာလမ်းမှတဆင့် သဲကုန်း၊ ချောင်းတောင်တဖက်ခြမ်းရှိ ချောင်းတောင်အောက်စုဘက်သို့ ကူးစက်လောင်ကျွမ်းနေကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းကလည်း အကြမ်းဖက်သောင်းကျန်းသူများကို လိုက်လံပစ်ခတ်ရှင်းလင်းပေးနေကြောင်းလည်း သိရသည်။

မီးလောင်မှုအား ငြှိမ်းသတ်ရန် မီးသတ်ကားထွက်လာသော်လည်း လိူင်၀မှနေ၍ အကြမ်းဖက်သောင်းကျန်းသူများမှ စောင့်ဆိုင်းပစ်နေသည့်အတွက် ထွက်လာလို့မရကြောင်း သိရသည်။

အောက်ကျောင်းကြီး ခေါ် မြို့မကျောင်းမီးကူးစက် မလောင်​ေစရေး လုံခြုံရေးအဖွဲ့များနှင့် မြို့ခံများမှ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

နောက်ဆုံးရရှိသည့် သတင်းအရ မီးလောင်ကျွမ်းမူ အရမ်းအားကောင်းနေပြီး ရန်သူမှ မြို့မီးငြိမ်းသတ်၍မရအောင် လက်နက်ငယ်ပစ်ဖောက်နေကြောင်း မြို့တွင်ကျန်နေသည့် မြို့ခံများမှ ကြိုးစားငြှိမ်းသတ်နေကြကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN