အမရပူရ​မြို့နယ်တွင် ACL စက်သုံးဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုဖြစ်ပွားသဖြင့် လူတစ်ဦးသေဆုံးခဲ့ပြီး မော်တော်ယာဥ်နှစ်စီး မီးလောင်ဆုံးရှုံး


မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရ​မြို့နယ်၊ ကမ္ဘဲ့ကျေးရွာအုပ်စုရှိ ဒေါ်အေးအေးချောကုမ္ပဏီပိုင် ACL စက်သုံးဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီကျော် အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

​ဖြစ်စဥ်မှာ မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်အချိန်ခန့်က ဒေါ်အေးအေးချော၊ ၄၀ နှစ်၊ (ဘ)ဦးအောင်စော၊ ရောင်း/ဝယ်၊ ကမ္ဘဲ့ကျေးရွာ၊ကမ္ဘဲ့ကျေးရွာအုပ်စု၊ မြစ်ငယ်မြို့၊ အမရပူရမြို့နယ်နေသူ ပိုင်ဆိုင်သည့် ACL စက်သုံးဆီ အ​ရောင်းဆိုင်တွင် မန်နေဂျာဖြစ်သူ ကိုဝင်းမင်းထွဋ်၊ ၃၂ နှစ်၊ (ဘ)ဦးပါစကား၊ မန်နေဂျာ၊ ရွှေကြက်ယက်ကျေးရွာ၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ အမရပူရမြို့နယ်နေသူမှာ မန်နေဂျာအဖြစ် ဆောင်ရွက်ပြီး စက်သုံးဆီ အရောင်းဆိုင်ဝင်းအတွင်းရှိ အဆောင်၌ အိပ်ပျော်နေစဉ် ညနေ ၅ နာရီ အချိန်ခန့်တွင် မီးလောင်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ခြံဝင်းအတွင်းရှိ အမိုးပါ ဂိုထောင်တွင်ထားရှိသော ဆီဘောက်ဆာ ဒေါင်ဘန်း အဖြူရောင် ၁၂ ဘီးယာဉ် ၁ စီးနှင့် နစ်ဆန်းဒီဇယ် ၂၂ ဘီးယာဉ် ၁ စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ၎င်း မီးလောင်ခဲ့သော ယာဉ် ၂ စီးကြားတွင် မီးကျွမ်းနေသည့် အမည်/နေရပ်လိပ်စာမသိအလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ယာဉ် ၂စီး၊ ကားဂိုထောင်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၂၄၀၁၇၅၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN