ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်သမားများမှ သာမာန်ပြည်သူများအားလုပ်ကြံသတ်ဖြတ်ကာ ဖုံးအားလုယက်ဓားပြတိုက်


မတ်လ ၁၁

၂၀၂၄ မတ် ၁၀ ရက်နေ့ ည ၁၀နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သိုင်းဝကျေးရွာအုပ်စု ကျွန်းတောစုကျေးရွာသစ်နေ ဒေါ်ခင်စိုးရီ၊ ၄၄ နှစ်(ဘ)ဦးသန်းမောင်၊ ဈေးရောင်းနေသူသည် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အကြမ်းဖက်သမား (၄)ဦးသည် ရွာ၏ တောင်ဘက်တောစပ်မှ လက်နတ်ငယ်များကိုယ်စီဖြင့် ခြေလျင်ရောက်ရှိလာပြီး မိသားစုဝင်(၄)ဦးအား နေအိမ်ကြမ်းပြင်တွင် မှောက်ခိုင်းထားပြီး ဒေါ်ခင်စိုးရီ တစ်ဦးတည်းကိုသာ နေအိမ် အပြင်ဘက်သို့ ခေါ်ထုတ်သွားကာ လက်နက်ငယ်ဖြင့် (၂)ချက် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းထိမှန်၍ သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမား (၄)ဦးသည်ရွာ၏ တောင်ဘက် တောစပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်းအရ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်းဖြစ်ပြီးနောက်နေ့ နံနက် မတ် ၁၁ ရက်နေ့တွင် မြေပြင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ သေဆုံးသူ ဒေါ်ခင်စိုးရီမှာ နေအိမ်အရှေ့တွင် အရှေ့ဘက်သို့ ခေါင်းထိုးလျှက် မှောက်ခုံအနေအထား ဖြင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ယာဘက်ကျော ဖောက်ဝင် ဒဏ်ရာ၊ ယာဘက်ရင်သားအောက် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး အလောင်း၏ ဘေးတွင် အမျိုး အစား(စိစစ်ဆဲ) ကျည်ခွံ (၂) ခုအား တွေ့ရှိခဲ့သည်။ အကြမ်းဖက်အဖွဲ့မှ သေဆုံးသူ၏ လက်ကိုင်ဖုံးအား လုယက်ယူဆောင်သွားကြောင်း သိရသည်။

ထို့သို့ စစ်ဆေးနေစဥ် နံနက် ၈း၃၀ အချိန်ခန့်တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသော သေဆုံးသူ ဒေါ်ခင်စိုးရီ၏ ဖုန်းဖြင့်ယောက္ခမတော်စပ်သူ ဒေါ်တင်စိန်၊ ၆၃ နှစ်၊ ကျွန်းတောစုရွာသစ် နေသူထံသို့ ဦးရွှေအိုး(ခ)ဝင်းအောင်၊ ၆၁ နှစ်၊ (ဘ) ဦးမြအေး၊ ရောင်း/ဝယ် ကျွန်းတောစုကျေးရွာနေသူအားလဲ သတ်ပြီးထားခဲ့ကြောင်း အကြမ်းဖက်အဖွဲ့မှ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ ထပ်မံသွားရောက်စစ်ဆေးခဲ့ရာ ကျွန်းတောစုကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ ဆွာချောင်း နှင့် ကျွန်းတောစုကျေးရွာသစ်ကြား လယ်တောအစပ်တွင် ယာဘက်နောက်စေ့ ဖောက်ဝင် ဒဏ်ရာ (၂)ချက်၊ ယာဘက်ကျောဖောက်ဝင် ဒဏ်ရာ(၁) ချက်၊ ယာနားရွက်ဘေးပွင့်ထွက် ဒဏ်ရာ(၁)ချက်၊ ယာမှေးပွင့်ထွက်ဒဏ်ရာ (၁)ချက်၊ ယာဘက်ရင်ဘက် ဖောက်ထွက်ဒဏ်ရာ (၁)ချက်၊ ယာလက်ဖမိုး စုတ်ပြတ်ဒဏ်ရာ၊ ယာဒူး ဘေးစုတ်ပြဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

ဆွာတိုက်နယ် ဆေးရုံတာဝန်ခံမှ သေဆုံးသူ ဒေါ်ခင်စိုးရီ၏ အလောင်းအား PM-003/24 ဖြင့်လည်းကောင်း၊ သေဆုံးသူ ဦးရွှေအိုး (ခ)ဝင်းအောင်၏ အလောင်းအား PM-004/24 ဖြင့် လည်းကောင်း လက်ခံစစ်ဆေး လျှက်ရှိပြီး ရဲတပ်ဖွဲ့မှအမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN