တုရင်းတောင်ဘုရားဖူပြီးပြန်လာသည့် ဘုရားဖူးမော်တော်ယာဥ်တစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွား


မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ကုန်းတန်းကြီးကျေးရွာအုပ်စုရှိ တုရင်းတောင်ဘုရားအဆင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မော်တော်ယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

တုရင်းတောင် စွယ်တော်မြတ်စေတီတော်ကြီးမှ ဘုရာဖူးပြီး ပြန်ဆင်းလာသော ယာဥ်မောင်း ဦးစန်းဌေး၊ ၅၅ နှစ်၊ (ဘ)ဦးတင်ဖေ၊ ဆန်တန်းရပ်၊ အမှတ်(၂)ရပ်ကွက်၊ ညောင်ဦးမြို့နေသူ မောင်းနှင်၍ ခရီးသည် ၁၃ ဦး လိုက်ပါလာသော အဝါရောင်ယာဥ်သည် ဘရိတ်ပေါက်ကာ ဘေးကမ်းပါးအား ဝင်တိုက်မိပြီး ယာဥ်မှာ ပက်လက်လန် မှောက်သွား​​ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်တွင်ပါလာသည့် မောင်ထွန်းပြည့်စုံ၊ ၃၈နှစ်၊ (ဘ)ဦးကျော်မင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့နေသူတွင် ဦးခေါင်းဝဲဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နား သွေးထွက်ဒဏ်ရာ၊ ယာ-ပါး ပေါက်ပြဲဒဏ်ရာ၊ ယာ-လက်မောင်း ကျိုးကြေဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့​ပြီး မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်နေသူများ​​ဖြစ်သည့် မခင်သီတာဝင်း၊ မသက်ထက်ခိုင်၊ မနွယ်နီထွန်းနှင့် ဒေါ်လှလှဝင်းတို့တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်းနှင့် ယာဥ်မောင်း​​ဖြစ်သူအား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN