တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၉၁ ရာခိုင်နှုန်းကျော်ရှိ


မတ် ၁၁

ကရင်ပြည်နယ်၏ နေရာဒေသတစ်ချို့တွင် တိုက်ပွဲတွေဖြစ်ပွားနေသေည်လည်း တက္ကသိုလ်ဝင်တန်းကို ၉၁ ရာခိုင်နှုန်းကျော် ဝင်ရောက်ဖြေဆိုကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဘားအံမြို့နယ် အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)ဘားအံ၊ အထက(၂)ဘားအံ၊ အထက(၄)ဘားအံတို့တွင် စာရင်းပေးသွင်းထားသူ ၁၀၄၂ ဦး ရှိသော်လည်း ၉၉၇ လာရောက်ဖြေဆိုပြီး ၄၅ ဦးပျက်ကွက်ခဲ့ပြီး လှိုင်းဘွဲမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက လှိုင်းဘွဲ့နှင့် အထကရွှေဂွန်း-လှိုင်းဘွဲတို့တွင် စာရင်းသွင်းထားသူ ၃၁၉ ဦး ရှိသော်လည်း ၃၀၁ လာရောက်ဖြေဆိုပြီး ၁၈ ဦးပျက်ကွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်ရှိ စာစစ်ဌာနများဖြစ်သည့် အထက ဘုရင့်နောင်နှင့် အထက လိပ်သို တို့တွင်လည်း ဖြေဆိုသူများရှိနေပြီး စာရင်းသွင်းထားသူ ၃၄ ဦး ရှိသော်လည်း ၃၁ လာရောက်ဖြေဆိုပြီး ၃ ဦးပျက်ကွက်ခဲ့ပြီး ဖာပွန်မြို့တွင် အထက ကမမောင်း စာစစ်ဌာနကိုဖွင့်လှစ်ထားပြီး ၆၅ ဦးစာရင်းသွင်းထားက ၆၄ လာရောက်ဖြေဆိုသည့်အတွက် ၁ ဦးသာပျက်ကွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ နဘူးစာစစ်ဌာနတွင် ၃၅၃ ဦးစားရင်းသွင်းထားကာ ၂၆၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၈၆ ဦးပျက်ကွက်ခဲ့ကာ ကြာအင်းဆိပ်ကြီးမြို့နယ် အထက ကြာအင်းဆိပ်ကြီးတွင် စာရင်းသွင်းထားသူ ၂၅၈ ဦးရှိကာ ၂၂၈ ဦးလာရောက်ဖြေဆိုခဲ့သည့်အတွက် ၃၀ ဦးပျက်ကွက်ခဲ့ကာ မြဝတီစာစစ်ဌာန အထက မြဝတီ တွင် ၃၂၅ ဦးစားရင်းသွင်းခဲ့ပြီး လာရောက်ဖြေဆိုသူ ၂၉၄ ဦးဖြစ်သည့်အတွက် ၃၁ ပျက်ကွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၁၁ ခုဖွင့်လှစ်ခဲ့ပြီး စာရင်ပေးသွင်းထားသူ ၂၃၉၆ ဦးရှိခဲ့ပြီး စာပေးပွဲလာရောက်ဖြေဆိုသူ စုစုပေါင်း ၂၁၈၂ ဦးဝင်ရောက်ဖြေဆိုခဲ့သည့်အတွက် ၂၁၄ ဦးသာပျက်ကွက်ခဲ့ခြင်းကြောင့် ရာနှုန်းအားဖြင့် ၉၁.၀၇ ရာခိုင်နှုန်း ရှိကြောင်း ကျောင်းသားကျောင်းသူများ အဖျက်အနှောင့်အယှက်တစ်စုံတစ်ရာမရှိပဲ စိတ်အေးချမ်းသာစွာဖြေဆိုခဲ့ကြကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN