အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ နှင့် ၉၆၉ လ္ဘက်ရည်ဆိုင်ဘေးတွင် ရဲတပ်သား တစ်ဦးနှင့် အရပ်သားတစ်ဦးတို့အား အကြမ်းဖက် PDF ၆ ဦး မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


မတ် ၃

ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ နှင့် ၉၆၉ လ္ဘက်ရည်ဆိုင် ဘေးတွင် ရဲတပ်သား တစ်ဦးနှင့် အရပ်သားတစ်ဦးတို့အား အကြမ်းဖက် PDF ၆ ဦး မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင်အောင် တို့ ဇနီးမောင်နှံ အား နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၆ ဦး မှသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသောကြောင့် နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်-ပြည်လမ်းပေါ်ဂုံညှင်းတန်းရွာ ရှိ ၉၆၉ လက်ဘက်ရည်ဆိုင်ဘေးတွင် ရဲတပ်သား တစ်ဦးနှင့် အရပ်သား တစ်ဦးတို့အားလည်း ၎င်းအကြမ်းဖက် PDF ၆ ဦး မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမား များက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ် လျက်ရှိပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN