လေ့ကျင့်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းကာ ပျက်ကျသည်ဟု သတင်းထွက်ပေါ် နေ


ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း၌ ယနေ့ ဖေဖော်ဝါရီ ၂၉ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်ခန့်က တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းကာ ပျက်ကျသွားခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။

ထွက်ပေါ်နေသည့် သတင်းများတွင် လေ့ကျင့်ရေး လေယာဉ်သည် မကွေးလေတပ်မှ လေယာဉ်တစ်စင်းဖြစ်သည်ဟု ပြောဆိုမှုများရှိနေပြီး လေ့ကျင့်ပျံသန်းနေစဥ်အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်ကာ စလင်းမြို့နယ်၊ ကြို့ဝန်းကြီး ကျေးရွာအနီး၊ လက်မဲကန်အနီးရှိ ယာကွင်းပြင်အတွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြနေကြသည်။

ယင်းလေယာဥ်ပေါ်၌ လေယာဥ်မှူးတစ်ဦးသာ ပါရှိခဲ့ပြီး အဆိုပါလေယာဥ်မှူးမှာ လေထီးဖြင့် ခုန်ဆင်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရပြီး ၎င်းလေယာဥ်မှူးကို သက်ဆိုင်ရာမှ ရဟတ်ယာဥ်ဖြင့် ခေါ်ယူခဲ့ပြီးဖြစ်ကြောင်းကိုလည်းပြောဆိုနေကြသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် သက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများက မေးမြန်မှုများ ပြုလုပ်ထားသော်လည်း တရားဝင် အတည်ပြုထုတ်ပြန်ဖြေကြားခြင်း မပြုသေးပါ။

PAN