အစ္စရေး-ဟားမတ်ဆွေးနွေးပွဲများကို ကာတာနှင့်အီဂျစ်တိုက လက်ခံကျင်းပပေးမည်


ဖေဖော်ဝါရီ ၂၆

အစ္စရေးနှင့် ဟားမတ်တို့ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် လုပ်ဆောင်မည့် ဆွေးနွေးပွဲများကို ကာတာနှင့် အီဂျစ်နိုင်ငံတို့က လက်ခံကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲများတွင် အီဂျစ်၊ ကာတာ၊ အမေရိကန်နှင့် အစ္စရေးတိုမှ ကျွမ်းကျင်ပညာရှင်များအပြင် ဟားမတ်အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့လည်းပါဝင်သွားမည် ဖြစ်ကြောင်း အီဂျစ်သတင်းဌာနတစ်ခုက ဖော်ပြထားသည်။ ထိုဆွေးနွေးပွဲများသည် ပဲရစ်မြို့၌ လုပ်ဆောင်ခဲ့သော ဆွေးနွေးပွဲမှ ရလဒ်ကို အခြေခံ၍ ဆက်လက် လုပ်ဆောင်သည့် ဆွေးနွေးပွဲများ ဖြစ်လာမည်ဖြစ်သည်။

ထိုပြင် အီဂျစ်နှင့်ကာတာတိုလုပ်မည့် ဆွေးနွေးပွဲများ၌ ဂါဇာဒေသအတွင်း အပစ်အခတ်ရပ်စဲရေး ရရှိ စေရန်သာမက အဖမ်းခံထားရသည့် ဓားစာခံများနှင့် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးအတွက် သဘောတူညီချက်ရရှိသည်အထိ ဦးတည်သွားမည်ဖြစ်သည်ဟု သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဟားမတ်တို့က အစ္စရေးနယ်စပ်တွင် ရုတ်တရက် တိုက်ခိုက်မှုများ လုပ်ဆောင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက် နောက်ပိုင်းမှစ၍ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ တိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်လာြခင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။