ဖေဖော်ဝါရီ ၂၆
ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအတွင်း၌ အကြမ်းဖက်PDFများ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကျေးရွာသို့ လုံးခြုံရေးအဖွဲ့များ ရောက်ရှိစဉ် အကြမ်းဖက် PDFအဖွဲ့များက ကျေးရွာအတွင်းရှိ ပြည်သူများကို အကာအကွယ်ယူ ပစ်ခတ်တိုက်ခိုက်လာ၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါထိတွေ့ပစ်ခတ်မှုတိုက်ပွဲမှအကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ ၆၀မမ ဗုံးသီး ၉ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၇.၆၂ မမကျည် ၅ တောင့်၊ ယမ်းထုပ်(၁ပိဿာ) ၁ ထုပ်၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(PDF တံဆိပ်ပါ) ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ကျည်ကာဦးထုပ်(အနက်) ၈ လုံး၊ ကျည်ကာအင်္ကျီ(အနက်) ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်အမျိုးအစား(YGN-4B-3359) ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။
PAN