မြင်းခြံ-ရေဝန်း ကားလမ်းပေါ်တွင် အကြမ်းဖက်သမားများက ခရီးသွားဘုန်းကြီးကားအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ ပါးအပါဝင် အမျိုးသမီး ၂ ဦး သေဆုံး


ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ​​မြို့နယ်ဘက်မှ ​MARK || ရွှေငါး၊ ခဲရောင်မော်တော်ယာဥ်ဖြင့် ဘုန်းကြီး ၁ ပါး၊ အမျိုးသမီး ၄ ဦးတို့ လိုက်ပါလာရာ ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအဝင်၊ ရေတွင်းပျက်အနီး အရောက်တွင် အကြမ်းဖက်သမား ၁၅ ဦးခန့်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခက်မှုကြောင့် ယာဥ်ပေါ်တွင် ယာဥ်မောင်း အေးမင်းအောင်(ဒဏ်ရာမရရှိ)နှင့် အတူ ဦးအဂ္ဂဥာဏ၊ ၇၆ နှစ်၊ ဝါတော် ၃၆ ဝါ၊သဲမောင်းကန်ကျောင်း ဆရာတော်တွင် ဝဲဘက်နံဘေး ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ယာဘက် ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ခါးစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်(သေဆုံး)၊ ကျောက်ဆည်မြို့ ကတဲကျေးရွာ နေသူများဖြစ်သည့် ဒေါ်သန်းမီ၊ ၇၀ နှစ်၊ (ဘ)ဦးအုန်းကြိုင်၊ မခိုင်ဌေး၊ ၃၈ နှစ်၊ (ဘ)ဦးတုတ်ပေါတို့
သုံးဦးသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး မအိအိဖြိုး၊ ၂၃ နှစ်၊ (ဘ)ဦးမြင့်ရွှေတွင် ဝဲဘက်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဒေါ်စန်းဝင်း၊ ၆၅ နှစ်၊ (ဘ)ဦးပြည့် တွင် ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၂၀-၂-၂၀၂၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာမှ ဆရာတော် ဦးအဂ္ဂဥာဏပိုင် MARK ||ရွှေငါး ခဲရောင်ယာဥ်ဖြင့် ယာဥ်မောင်း အေးမင်းအောင်မှ မောင်းနှင်ပြီး ယာဥ်ပေါ်တွင် ဆရာတော် ဦးအဂ္ဂဥာဏ၊ ဒေါ်စန်းဝင်း၊ ဒေါ်သန်းမီ၊ မခိုင်ဌေး၊ မအိအိဖြိုးတို့ လိုက်ပါလျက် ပခုက္ကူမြို့နယ်၊ မြေနီပြင်ကျေးရွာသို့ ဒေါ်စန်းဝင်း၏ ခင်ပွန်း ဦးမျိုး(ခ)ဦးမျက်ပြူး၏ ၁ လပြည့် ဆွမ်းကပ်ရန် သွားရောက်ခဲ့ကြောင်း၊မြေနီပြင်ကျေးရွာတွင် ၂ ညအိပ်ပြီး ၂၂-၂-၂၀၂၄ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် ထွက်ခွာခဲ့ရာ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြင်းခြံမြို့သို့ရောက်ရှိကာ ထမင်းစားနားပြီး မြင်းခြံ-ရေဝန်း ကားလမ်းအတိုင်းထွက်လာခဲ့ရာမှ အခင်းဖြစ်နေရာအရောက်တွင် အကြမ်းဖက် သမား ၁၅ ဦးခန့်က ယာဥ်အား တားဆီးခဲ့ကြောင်း၊ ၎င်းတို့အား ကျော်လွန်သွားသဖြင့် ဘက်ဂီယာဖြင့် ပြန်ဆုတ်စဥ် အကြမ်းဖက်သမားများက ယာဥ်အား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN