မံစီမြို့နယ်၊ စီခမ်းကြီးစခန်းကြီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိ‌နေ၍ ဗန်းမော်မြို့သို့ တိမ်းရှောင်ပြည်သူဦးရေများပြားလာရာ အခြေခံစားသောက်ကုန်ပစ္စည်းများ အရေးပေါ်ကူညီပေးရန်လိုအပ်မှုရှိနေ


ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးစခန်းကြီးတွင် တိုက်ပွဲဖြစ်ပွားမှုရှိ‌နေကြောင်း သိရှိရသည်။ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူ စစ်ရှောင်ပြည်သူ ၇၀၀ ဦးခန့် ရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ရှောင်ဦး‌ရေများပြားလာမှုကြောင့် ၎င်းတို့အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေလျှက်ရှိကြောင်း အရေးပေါ်ကူညီပေးရန်လိုအပ်သည့် ပစ္စည်းများမှာ အခြေခံစားသောက်ကုန်များအပါအဝင် အသုံးအဆောင်ပစ္စည်းများဖြစ်ကြောင်း ယမန်နေ့ ညနေ ၄ နာရီချိန်ခန့်က ဗန်းမော်မြို့သို့ တိမ်းရှောင်လာသူ ဒေသခံများထံမှ သိရှိရသည်။

PAN