ဖေဖော်ဝါရီ ၂၂
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တောင်ဘက်ရှိ တံတားတစ်စင်းအား ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီဝန်းကျင်တွင် ကုန်တင်သင်္ဘောတစ်စင်မှ ဝင်တိုက်မိပြီး လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မတော်တဆမှုတွင် တံတားအစိတ်အပိုင်းတစ်ခု ပြတ်ကျသွားခဲ့ပြီး တံတားပေါ်မှ ကား ၄ စီးနှင့် စကူတာတစ်စီး တံတားပေါ်မှ ပြုတ်ကျခဲ့ကြောင်းသိရသည်။ ပြုတ်ကျသည့် ယာဉ် ၅ စီးအနက် ၃ စီးမှာ သင်္ဘောပေါ်သို့ ပြုတ်ကျခဲ့ပြီး ၂ စီးမှာ မြစ်ထဲသို့ ပြုခဲ့ကြောင်း ဒေသအာဏာပိုင်များကပြောသည်။
ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် လူ ၂ ဦးသေဆုံး တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၃ ဦးပျောက်ဆုံးနေဆဲဟုသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်စက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး သင်္ဘောပိုင်ရှင်အား ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။