အီရန်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲနေမှုနောက်ကွယ်တွင် အစ္စရေးရှိနေဟုဆို


ဖေဖော်ဝါရီ ၁၈

အီရန်နိုင်ငံတောင်ပိုင်းရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲမှုနောက်ကွယ်တွင် အစ္စရေးနိုင်ငံ ရှိကြောင်း အနောက်နိုင်ငံမှ တာဝန်ရှိသူအချိုနှင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ The New York Times သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ကွဲမှုသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းသို တိုက်ခိုက်ခံရခြင်းက အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများ မြင့်တက်စေလာမည်ဖြစ်ကြောင်း အနောက် နိုင်ငံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မူလက အဆိုပါတိုက်ခိုက်မှုကို နေရာများစွာ၌ တစ်ချိန်တည်းတစ်ပြိုင်တည်းလုပ်ဆောင်ရန် စီစဉ် ထားခြင်းဖြစ်ကြောင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်း သိုမဟုတ် ဖောက်ခွဲရေးပစ္စည်းဖြင့် ဖောက်ခွဲခြင်းလား ဆိုသည် ကိုမူ မသိရသေးကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်းများကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲက ရံဖန်ရံခါ ကင်းလှည့်မှုများ လုပ်ဆောင် နေသည့်အပြင် လုပ်ငန်းစဉ်ကလည်း ရှုပ်ထွေးမှုရှိသည့်အတွက် ထိုပိုက်လိုင်းများတိုက်ခိုက်ခံရခြင်းမှာ အစ္စရေး၏ လက်ချက်ဖြစ်နိုင်ကြောင်း အီရန်တာဝန်ရှိသူများက ပြောသည်။

အလားတူ အစ္စရေးအစိုးရသည် တီဟီရန်မြိုပြင်ရှိ ဓာတုပစ္စည်းစက်ရုံ ပေါက်ကွဲမှုတစ်ခုကိုလည်း နောက်ကွယ်မှလုပ်ဆောင်ခဲ့ကြောင်း အနောက်နိုင်ငံများမှ တာဝန်ရှိသူများက ပြောထားသည်။