တူချယ် ကို နည်းပြခန့်ဖိုစိတ်ဝင်စားနေတဲ့ ဝက်စ်ဟမ်း


ဖေဖော်ဝါရီ ၁၈

ဝက်စ်ဟမ်းအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အသင်းနည်းပြရာထူး မတည်မငြိမ်ဖြစ်နေတဲ့ တူချယ် ကို နည်းပြအဖြစ်ခန့်အပ်ဖို စိတ်ဝင်စားနေပါတယ်။

တူချယ် ဟာ ဘိုင်ယန်အသင်းနဲ့အတူ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် လက်ရှိအမှတ်ပေးဇယားမှာ လေဗာကူဆင်အသင်းထက် ၅ မှတ် လျော့အနေအထားနဲ့ ရပ်တည် နေတာကြောင့် နည်းပြရာထူးက ထုတ်ပယ်ခံရဖို များနေပါတယ်။

ဝက်စ်ဟမ်းအသင်းကလည်း အသင်းရဲ့ နည်းပြ မိုယက်စ် ကို ရာထူးကထုတ်ပယ်ခဲ့ရင် တူချယ် ကို ခေါ်ယူဖို အတွက် စဉ်းစားနေတာဖြစ်ပါတယ်။ မိုယက်စ် ရဲ့ ဝက်စ်ဟမ်းအသင်းဟာ မနှစ်က ယူရိုပါကွန်းဖရန့်လိဂ် ဆုဖလား ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့အပတ်က မြိုခံပြိုင်ဘက် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ အရှက်တကွဲရှုးနိမ့်ခဲ့ရတာကြောင့် အသင်းဘုတ်အဖွဲက မိုယက်စ် ကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းနဲ့ မိုယက်စ် တိုရဲ့ကြားက စာချုပ်ကလည်း လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် တူချယ် ကို ခန့်အပ်ဖိုအတွက် စဉ်းစားနေတာဖြစ်ပါတယ်။