၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အမျိုးသား/သမီး ၁၃ သန်းနီးပါး ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နေဟုဆို


ဖေဖော်ဝါရီ ၁၄
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နိုင်သည့် အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၃ သန်းနီးပါး ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်ထွန်းပြောကြားလိုက်ပါသည်။
“လူဦးရေလူဦးရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး၊ အမျိုးသားတွေပဲထည့်တွက်ဦး၊ အမျိုးသားတွေပဲထည့်တွက်ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ တစ်ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းဆိုရင် ခြောက်သောင်းသုံးထောင်ရှိပြီဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်းဆိုရင် တစ်သိန်းနှစ်သောင်းရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦးရေ ၆ သိန်းရှိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလောက် လူဦးရေလိုသလား၊ ၁၀ ရာခိုင်နှုန်းလိုသလား မလိုနိုင် ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိတယ်။ ရပ်ကွက်တွေပါထည့်တွက်ရင် ၆ သောင်းကျော်ရှိတယ်။ ရပ်ကွက် တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိပါဘူး ဟု ၎င်းမှထပ်မံပြောဆိုထားသည်။

“ကျွန်တော်တို့ ဘာကြောင့်မို့လို့ ဒီဟာကို လုပ်ထားလဲဆိုတော့ ဒါတွေကို လုပ်ရခြင်းအကြောင်းရင်းသည် Long term Plan မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ စွမ်းအား၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ပညာ နိုင်ငံသားအားလုံး တတ်သွားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော​ကြားခဲ့​ခြင်း​ဖြစ်သည်။

#PAN

Telegram Link

https://t.me/positiveanglenews