ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ဆေးခြယ်ရေးသင်တန်းတိုကို လာမည့်ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည်


ဖေဖော်ဝါရီ ၇

လာမယ့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲများ ပူးပေါင်း၍ ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ဆေးခြယ်ရေးသင်တန်း တိုကို ဖွင့်လှစ်ပိုချနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြိုရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို ဖေဖော်ဝါရီလ ၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ MSME ပိုမို ဖြစ်ထွန်းသောဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်း များဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံး ဓာတ်မြေဩဇာကို ဒေသထွက်ကုန်ကြမ်းများနှင့် အချိုးအစားမှန်ကန်စွာ ပြုလုပ်နည်းနှင့် စနစ်တကျအသုံးပြုနည်းသင်တန်း အစရှိတဲ့ သင်တန်းများကိုလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပိုချနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အဆိုပါ သင်တန်းကျောင်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လအတွင်း လျှပ်စစ်နှင့်ဂဟေသင်တန်းတွင် သင်တန်းသား ၈၀ ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်းတိုတွင် သင်တန်းသား ၁၀၀ ဦး မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင် သင်တန်းတိုတွင် သင်တန်းသား ၁၀၀ ဦး သင်တန်းပိုချခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ နဲ့ ၂၊ အုတ်စီအလုပ်အကိုင်နှင့် လက်သမားအလုပ်အကိုင်တိုအတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၀၃ ဦး၊ အဆင့် ၂ အတွက် ၆၃ ဦး၊ လက်သမားကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၁ ဦး၊ အုတ်စီ ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၃ ဦး စစ်ဆေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

PAN