စလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌနှင့် ဝန်းရံသူတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်


ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကူရင်းချောက်ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌနှင့် ဝန်းရံသူ တစ်ဦးကို ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့က ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်သွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂ ဦးမှာ ဦတင်မွှေး၊ အသက် ၆၅ နှစ်၊ (ဘ)ဦးဝင်းမောင်(​ပြည်ခိုင်ဖြိုပါတီ ရပ်​​ကျေးအုပ်စုဥက္ကဋ္ဌ )နှင့် ဦးစိုးနိုင်ဝင်း(ခ)ဦးကြီးမောင် (ပြည်ခိုင်ဖြိုပါတီ ဝန်းရံသူ) တို့ဖြစ်ပြီး PDF များက ၎င်းတို့၏နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့နံနက် ၂ နာရီအချိန်ခန့်တွင် ပုသိမ်-မုံရွာလမ်းဘေး၊ ရှရှားရွာလမ်းခွဲထိပ်တွင် အကြမ်းဖက်သမားများမှ သတ်ဖြတ်၍ ထားခဲ့ကြောင်း သတင်းရရှိသည်။

PAN