ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာနေ ဦးမွန်ကျော်၊(ယခင်ကျေးရွာအုပ်ချုပ်ရေးမှုး၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)နှင့် ဦးနိူင်ဝင်း(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးကော်မတီဝင်)နှစ်ဦးတို့အား ယနေ့နံနက် ၁ နာရီအချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့ မှ လုပ်ကြံသတ်ဖြတ် ခဲ့ကြကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ဦးမွန်ကျော်၊ ၆၅နှစ်၊ (ဘ)ဦးလှကို၊ နေအိမ်၌ အိပ်နေစဥ် အကြမ်းဖက်သမား ၁၀ ဦးခန့် နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာပြီး ဦးမွန်ကျော်ထွက်ခဲ့ ထွက်ခဲ့ဟု အော်ဟစ်ခေါ်နေသဖြင့် ဦးမွန်ကျော်မှ နေအိမ်အရှေ့ဘက်သို့ ထွက်ပြေးခဲ့ရာ အကြမ်းဖက်သမားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ၎င်းနောက် ဦးနိူင်ဝင်း၊ ၆၁ နှစ်၊ (ဘ)ဦးဝင်းမောင်၊ နေအိမ်သို့ သွားရောက်ပြီး ဦးနိူင်ဝင်း၏ အမည်ကို အော်ဟစ်ခေါ်ခဲ့ရာ ဦးနိူင်ဝင်းမှာလည်း ထွက်ပြေးခဲ့ရကြောင်း၊ ၎င်းတို့ထွက်ပြေးရာနောက်သို့ လိုက်လံ၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးမွန်ကျော်တွင် ယာဘက်ပါးမှ ဖောက်ဝင်ဒါဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကျည် ဖောက်ထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ဦးနိူင်ဝင်းအား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ ဦးနိူင်ဝင်းတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြကြောင်း သိရှိရပါသည်။
လူသတ်အကြမ်းဖက် PDF များသည် စစ်ကိုင်းမြို့နယ်ဘက်မှ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာသို့ စက်လှေဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးလာရောက်ခြင်းဖြစ်ပြီး ဦးမွန်ကျော်နှင့် ဦးနိူင်ဝင်းတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီးနောက် စက်လှေဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
PAN