တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့၌ ညအပူချိန်ပိုနိုင်ကြောင်း သိရ


ဖေဖော်ဝါရီ ၄

တိုင်းဒေသကြီးနဲ့ပြည်နယ်အချိုမှာ ဖေဖော်ဝါရီလ ပထမဆယ်ရက်ပတ်အတွင်း ညအပူချိန်တွေ ပိုလာ နိုင်တယ်လို မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ(ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားပါတယ်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကယားပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှ အပူချိန်ရဲ့ (၁ ဒသမ ၅) ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပိုလာနိုင်တယ်လို ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာတော့ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်လောက်သာ ရှိနိုင်တယ် လို့လည်း ခန့်မှန်းဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၅ ရက်ကနေ ၉ ရက်ခန့် မနက်ပိုင်းမှာ မြုထူတွေဆိုင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာလည်း ၁ ရက်ကနေ ၄ ရက်ခန့် မနက်ပိုင်းမှာ မြုထူတွေ ဆိုင်းနိုင်တယ်လိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။

PAN