လက်ရှိဘဏ္ဍာနှစ်အတွင်း နယ်စပ်နဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှု ယခင်နှစ်ထက် ၁ ဒသမ ၄၃ ဘီလီယံကျော် လျော့နည်းနေ


ဇန်နဝါရီ ၂၉

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်နှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၇ ဒသမ ၁၃ ဘီလီယံ ရရှိထားပြီး ယခင်နှစ်ထက် ၁ ဒသမ ၄၃ ဘီလီယံကျော် လျော့နည်းခဲ့ တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ စာရင်းအချက်အလက်များအရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက် ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်အထိ ပင်လယ်ရေကြောင်းကနေ တစ်ဆင့် ပြည်ပသို တင်ပိုမှုမှာ ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၃ ဘီလီယံရရှိထားပြီး ယခင်ဘဏ္ဍာနှစ် အလားတူ ကာလမှာ ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၇ ဘီလီယံကျော်ရရှိခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံကျော် လျော့ကျခဲ့တာ ဖြစ်တယ်လို သိရပါတယ်။

သွင်းကုန်တင်သွင်းမှုကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံကျော် ဆောင်ရွက်ထားပြီး ယခင်နှစ် အလားတူကာလမှာ ၁၁ ဒသမ ၉၆ ဘီလီယံကျော် ရှိခဲ့တာကြောင့် ကာလတူနှိင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၉ ဘီလီယံကျော် လျော့နည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်မှုတွင်လည်း ပိုကုန်တင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၈ ဘီလီယံကျော်နဲ့ သွင်းကုန် တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄ ဘီလီယံကျော် ဆောင်ရွက်ထားပြီး ကာလတူနှိင်းယှဉ်ပါက ပိုကုန် တင်ပိုမှု အမေရိကန်ဒေါ်လာ ၄၅၄ ဒသမ ၈၄၂ သန်းလျော့ကျနေပြီး သွင်းကုန်တင်သွင်းမှုဟာ အမေရိကန်ဒေါ်လာ ၃၈၃ ဒသမ ၁၇၀ သန်းတိုးလာတယ်လို စာရင်းအချက်အလက်များအရ သိရပါတယ်။

ကုန်သည်အများစုဟာ နယ်မြေမတည်ငြိမ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး‌လမ်းကြောင်းမှ တင်ပိုမှုတွေကို ရပ်နားထားတဲ့အတွက် နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းနေခြင်းဖြစ်တယ်လို သိရပါတယ်။၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍတွင် ပိုကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံ၊ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံရရှိရန် ရည်မှန်းထား ကြောင်း ၂၀၂၃ – ၂ ၀၂၄ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရပါတယ်။

PAN