ဇနါနဝါရီ ၂၆
ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၌ သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိရကြောင်း သိရှိရပါသည်။
အဆိုပါရုပ်အလောင်းကို မလန်းကျေးရွာအနီးလမ်းပေါ်တွင် ရပ်ထားသောကားအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရှိရပါသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုမျိုးဟန် ဆိုသူဖြစ်ပြီး ၎င်းသည် လည်ပင်းပြတ်ရှဒဏ်ရာနှင့် အတူ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများရရှိကာ ထိုဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သေဆုံးသူ၏ မိသားစုထံသို့ လုံခြုံရေးအဖွဲ့များက အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသလို ကိုမျိုးဟန်၏ ရုပ်အလောင်းကိုလည်း လုံးခင်းကျေးရွာရှိ လူမှုကူညီရေးအသင်းက လာရောက် သယ်ယူသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
PAN