(၆)ကြိမ်မြောက် WCIFIT ပွဲသို မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ခေါ်ထား

ဇန်နဝါရီ ၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြိုတွင် ကျင်းပပြုလုပ်မည့် “The 6th Western China International Fair for Investment and Trade (WCIFIT)” သို မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါ ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

WCIFIT သည် တရုတ်နိုင်ငံ အနောက်ဘက်ဒေသရှိ အမျိုးသားအဆင့် နိုင်ငံတကာပွဲဖြစ်ကာ အရေးကြီးသော သံတမန်ရေးရာ၊ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်တွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရပါတယ်။

ပြပွဲသို ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသည့်ကုန်သည်/စက်မှုအသင်းချုပ်ရှိသက်ဆိုင်ရာ ညီနောင် အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များနှင့် မှတ်ပုံတင်ခြင်းကို Sukie Gu, Business Manager, Exhibition Division Chongqing, International Expo Center သို တိုက်ရိုက်စုံစမ်းမေးမြန်း၍ အမည်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်တက်ရောက်မည်ဆိုပါက မိမိတိုရဲ့ Company Letter head ဖြင့် တက်ရောက်မယ့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲအမည်၊ Email Address နှင့် ဖုန်းနံပါ တ်တိုအား ကုန်သည်/စက်မှု အသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: [email protected]၊ ဖုန်း ၀၁-၂၃၁၄၃၄၄ (Ext: ၃၀၁)သို အမည်စာရင်းမိတ္တူ ပေးပိုနိုင်ကြောင်း အသိပေးထားပါတယ်။

PAN