ဇန်နဝါရီ ၂
ယမန်နေ့ ၃:၈ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနေ မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ နှင့် မြို့နယ်ကော်မတီဝင်တို့ နေထိုင်သည့် နေအိမ်အား လူသတ်အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၃ လုံး ပစ်ချ တိုက်ခိုက်ခဲ့ ကြောင်းသိရှိရပါသည်။
မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမန်းမြင့်နှင့် တူဖြစ်သူ ဦးမင်းသိုက်(မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်ကော်မ တီဝင်)တို့ နေထိုင်သည့် နေအိမ်အား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၃လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ Bomb များမှာ ဦးမန်းမြင့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ် ၂ အိမ်မှ ခေါင်မိုးများ ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သတင်းရရှိပါသည်။
#PAN