အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူFacebook အကောင့်ပိုင်ရှင် သုံး ဦးကို ဖော် ထုတ်အရေးယူ

ဒီဇင်ဘာ ၂၇

         အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက် ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိရာ ထိုသို့ ပြုလုပ်သူ “ASHIN KAWVIDA” ၊ “Zawye Htike” နှင့် “Ei Mon Mon Win” Facebook Account ပိုင်ရှင် သုံးဦးတို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါသည်။

       နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက် ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ် ဆောင်ခဲ့သည့် “ASHIN KAWVIDA” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်၊ အင်းကုန်းကျေးရွာနေ အင်းကုန်းသိမ်ကျောင်းထိုင် ဆရာတော် အရှင်ကောဝိဒ(ခ) မိုးကျော်အား ည ၆ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ “Zawye Htike” Facebook အကောင့်နှင့် “Ei Mon Mon Win” Facebook အကောင့်ပိုင်ရှင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မြင်းပြိုင်ကွင်း လမ်းနေသူများဖြစ်သည့် ဇော်ရဲထိုက်နှင့် အိမွန်မွန်ဝင်းတို့နှစ်ဦးအား ယင်းနေ့ည ၁၂ နာရီ ၄၀ မိနစ် တွင်လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်း သိမ်း အမှု ဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ထားပြီး ဖြစ် ကြောင်းနှင့် ထိုကဲ့သို့ ထုတ်ပြန်ထားမှုကို ​လိုက်နာခြင်းမရှိဘဲ လှုံ့ ဆော်၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော် ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN