”Carabao cup” ဆီမီးဖိုင်နယ်မှာ လီဗာပူးနဲ့ ဖူလ်ဟမ်၊ ချဲလ်ဆီးနဲ့ မစ်ဒယ်ဘရောတို့ တွေ့ဆုံ

ဒီဇင်ဘာ ၂၁

Carabao cup ဆီမီးဖိုင်နယ်မဲခွဲပွဲအပြီးမှာ လီဗာပူးအသင်းဟာ ဖူလ်ဟမ်နဲ့တွေ့ဆုံနေပြီး ချဲလ်ဆီးအသင်းကတော့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နဲ့ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ် ပ-ကျော့ပွဲစဉ်များကို ဇန်နဝါရီ(၉)ရက်နဲ့ (၁၀)ရက်တွင် ကစားမှာဖြစ်ပြီး ဒု-ကျော့ကို ဇန်နဝါရီ(၂၃)ရက်နဲ့ (၂၄)မှာယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး (၉)ကြိမ်ဗိုလ်စွဲထားကာ ချဲလ်ဆီးကတော့ (၅)ကြိမ်ဗိုလ်စွဲထားပါတယ်။