ပုသိမ်ကြီးမြို့နယ်၊ စက်ရိပ်(တောင်)ကျေးရွာအနောက်ဘက်၊ ဧရာဝတီမြစ်ကမ်းနဖူး၊ သဲတောင်ပြင်ခုံပေါ်သို့ ရှော့တိုက်ဒုံး ၁ လုံး ကျရောက်ပေါက်ကွဲ


ဒီဇင်ဘာ ၂၁

ယနေ့  ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု၊ စက်ရိပ်(တောင်)ကျေးရွာအနောက်ဘက်၊ ဧရာဝတီမြစ်ကမ်းနဖူး၊သဲတောင်ပြင်ခုံပေါ်သို့ ရှော့တိုက်ဒုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ သဲသောင်ခုံပေါ်တွင် အကျယ် ၅ ပေ၊ အနက် ၁ ပေခွဲခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဘေးပတ်ဝန်း ကျင်နေရာတွင် ၁၀၇ ရှော့တိုက်ဒုံးဟုယူဆရသည့် အပိုင်းအစများတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ပစ်ခတ်မှု လမ်းကြောင်းအား စစ်ဆေးရာ စက်ရိပ်(တောင်)ကျေးရွာအနောက်ဘက်၊ စစ်ကိုင်းတောင်ရိုးမှတဆင့် မန္တလေးမြို့သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်နိူင်ကြောင်း သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများထံမှ သိရှိရပါသည်။

#PAN
Telegram Link
https://t.me/positiveanglenews