တရုတ်ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသူ ၁၂၇ ဦးထိ မြင့်တက်လာ

ဒီဇင်ဘာ ၂၀

     တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကန်စုပြည်နယ်တွင် ဒီဇင်ဘာလ ၁၈ ရက်ညပိုင်းက ဖြစ် ပွားသည့် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုအတွင်း သေဆုံးသူဦးရေမှာ ၁၂၇ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ခတ်မှုသည် ကန်စုပြည်နယ် လင်ရှာဟွီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပိုနန်-တုန်းရှန်-ဆာလာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၌ ဒေသစံတော် ချိန် ည ၁၁ နာရီ ၅၉ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရရှိကာ လူနေ အိမ် ၁၅၀,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသတွင်း အာဏာပိုင်အဖွဲ့ က ဒီဇင်ဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

       ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် အခင်း ဖြစ် ပွားရာဒေသသို့ မီးသတ်သမား ၂,၀၀၀ ကျော် ၊ ကယ် ဆယ် ရေးအဖွဲ့ဝင် ၇၀၀ ကျော်တို့အား စေလွှတ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ကယ် ဆယ်ရေးအဖွဲ့သည် လူပေါင်း ၇,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးထားပြီး သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီပေးရေးပစ္စည်းများကို ပေးပို့လျက်ရှိကြောင်း သိရသည်။ ငလျင်ဒဏ်သင့် ပြည်သူများအား အိမ်နီးချင်း ပြည် နယ်တစ်ခုဖြစ်သည့် ချင်းဟိုင်ပြည်နယ်မှလည်း အကူ အညီပေးရေးပစ္စည်းများ ပေးပို့လျက် ရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN