အီဂျစ်သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ အဗ္ဗဒယ်အယ်လ်ဆီဆီ အနိုင်ရရှိ

ဒီဇင်ဘာ ၁၉

      အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက် ပွဲ၌ လက်ရှိသမ္မတ အဗ္ဗဒယ်အယ်လ်ဆီဆီက ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေး ကောက်ပွဲအာဏာပိုင်အဖွဲ့ (NEA) က ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

       သမ္မတ အယ်လ်ဆီဆီသည် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိကျင်းပခဲ့သည့် အဆိုပါ ရွေး ကောက်ပွဲ၌ ထောက်ခံမဲ ၈၉ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ရွေး ကောက်ပွဲဝင် အခြားကိုယ်စားလှယ် ၃ ဦးကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ကိုင်ရိုမြို့ တော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် NEA က ပြောကြားသည်။

      စစ်ဘက်အကြီးအကဲဟောင်းဖြစ်သူ သမ္မတ အယ်လ်ဆီဆီသည် ၂၀၁၃ ခုနှစ်မှစ၍ အာဏာရရှိလာြခင်း ဖြစ်ပြီး သမ္မတသက်တမ်းသစ်ကို လာမည့်နှစ် ဧပြီလမှ စတင်ထမ်းဆောင်သွားမည်ဖြစ် သည်။ အီဂျစ်နိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါရွေးကောက်ပွဲသို့ နိုင်ငံအတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ ၆၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၃၉ သန်းကျော် လာရောက်မဲပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN