တပ်မတော်သားတွေ စီးနင်းလာတဲ့ ကားတန်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်လို့ တောင်ကုတ်မှာ တိုက်ပွဲဖြစ်

ဒီဇင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မုတ်ရွာအနီးမှာ တပ်မတော်သားတွေ စီးနင်းလာတဲ့ ကားတန်းကို AA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက် ည ၁၀ နာရီခွဲခန့်က သံတွဲမြို့ဘက်က တောင်ကုတ်မြို့ကို လာတဲ့ စစ်ကား ၂ စီးနဲ့ အိမ်စီးကားတစ်စီးကို AA အဖွဲ့က ချောင်းမြောင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တောင်ကုတ်မြို့နဲ့ ပန်းမြောက်တောင်တို့မှာ ရှိတဲ့ တပ်စခန်းများက လက်နက်ကြီးများတွေနဲ့ အဲဒီအနီးတစ်ဝိုက် ပစ်ကူးပေးခဲ့ကြတယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့နဲ့ သံတွဲမြို့တို့မှာ ရခိုင်ပြည်နယ်ရဲ့ တောင်ပိုင်းတွင် တည်ရှိကြတဲ့ မြို့ဖြစ်ပြီး မြန်မာ့တပ်မတော်နဲ့ AA တို့အကြား ထိတွေ့တိုက်ပွဲတွေ မရှိတဲ့ နယ်မြေတစ်ခုဖြစ်တဲ့အတွက် ယခုတိုက်ပွဲကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှာလည်း စစ်မီးတွေ ကျယ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

#PAB