စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်ခတ်ခံရပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် သတင်းအမှားဖြန့်ဝေ

ဒီဇင်ဘာ ၁၄

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက်တွင် ပန်းချီကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။ တပ်မတော်သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ် ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထာဝစဉ်ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူလူထု ထိခိုက် နစ်နာစေမည့် လုပ်ရပ်များကို မည်သို့သောအခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

      အကြမ်းဖက် သောင်းကျန်းသူများသည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်၊ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူနှင့် တပ်မ တော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး ဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် မဟုတ် မမှန် လုပ်ကြံ၍ သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။

#PAN