အာဖရိက တစ်နှစ်တာအကောင်းဆုံးဆု အိုဆင်မန် ရရှိ

ဒီဇင်ဘာ ၁၃

နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်သည် ၂၀၂၃ ခုနှစ်အတွက် အာဖရိကအကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။

အိုဆင်မန်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် နာပိုလီအသင်း စီးရီးအေချန်ပီယံဆု ရရှိခဲ့ရာ၌ အကောင်းဆုံးခေစွမ်းပြနိုင်ခဲ့သောကြောင့် ဆာလာ(လီဗာပူးလ်)နှင့် ဟာကီမီ(PSG)တို့ကို ကျော်ဖြတ်ကာ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို နိုင်ဂျီးရီးယားကစားသမားထဲမှ နောက်ဆုံးရယူနိုင်ခဲ့သူမှာ အာဆင်နယ် တိုက်စစ်မှူးဟောင်း ကနူး(၁၉၉၉)ဖြစ်သောကြောင့် အိုဆင်မန်သည် (၂၄)နှစ်ကြာမှ နိုင်ဂျီးရီးယားနိုင်ငံအတွက် ပြန်လည်ရယူပေးနိုင်သူဖြစ်ခဲ့ပါတယ်။

အာဖရိကတစ်နှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာ အသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုရှိုလာက သူမရဲ့ကစားသမားဘဝမှာ (၆)ကြိမ်မြောက်အဖြစ် စံချိန်တင်ရရှိ ခဲ့ပါတယ်။ ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းက အာဖရိကတစ်နှစ်တာ အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။