တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရေနံစိမ်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်သိမ်းဆည်းရမိ

ဒီဇင်ဘာ ၁၃

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၁ ရက်တွင် မကွေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ တွင် မင်းဘူးမြို့ မန်းရေနံမြေအိမ်ရာ၌ တရား
မဝင် ရေနံစိမ်း ၂၅ ဂါလန်နှင့် Kenbo 110 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅,၀၀၀) ကို ပြည်သူ ပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်း ကောင်း၊ မကွေးမြို့၊ မြို့မ အိုးဘိုရပ် ကွက်၊ ဧရာဝတီတံတားအနီး၌ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Turbo 125 တစ်စီး၊ YHJJ 125 တစ်စီးနှင့် New Sumbo 125 တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်း ကောင်း စုစုပေါင်း ခန့် မှန်းတန်ဖိုးငွေကျပ် ၁,၁၇၅,၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၌ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၇၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၃၆၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       ထို့ပြင် ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ နေပြည် တော် – ရန်ကုန် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂/၂)အနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၁၂၉ တန်၊ အခြားသစ် ၅ ဒသမ ၉၅၆ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၆၅,၅၅၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာ သည့် Nissan UD ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၆၆၅,၅၅၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန် ဖိုးငွေ ၁၄,၉၆၆,၅၂၄ ကျပ်) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN