ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေးစနစ် ပြိုလဲနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ဒီဇင်ဘာ ၁၂

      ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေးစနစ် ပြိုလဲနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ က မှတ် ချက်ပြု ပြောကြားလိုက်သည်။ ဒီဇင်ဘာလ ၁၀ ရက် က ကျင်းပသည့် အမှုဆောင်ဘုတ်အဖွဲ့၏ အထူး အစည်းအဝေးတွင် ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာ ရေးအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့ အက်ဒဟာနွန် ဂီဘရီရက်ဆုစ် က ဤသို့မှတ်ချက်ချခဲ့ခြင်းဖြစ်သည်။

       ကျဉ်းမြောင်းသေးငယ်သော ဧရိယာအတွင်း လူပေါင်းများစွာ ပြောင်းရွှေ့လာသည်နှင့် အမျှ ရောဂါပြန့်ပွားနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးနေသကဲ့သို့ ဖြစ်နေပြီး ပျမ်းမျှအားဖြင့် လူ ၇၀၀ အတွက် ရေချိုးခန်းတစ်ခန်းနှင့် လူ ၁၅၀ တိုင်းအတွက် အိမ်သာတစ်လုံးစီသာ ရှိသည်ဟု တက်ဒရော့ ကပြောသည်။

       ဂါဇာဒေသ၌ မူလရှိနေသည့် ဆေးရုံ ၃၆ ရုံအနက်မှ ဆေးရုံ ၁၄ ရုံသာ တစ်စိတ်တစ်ပိုင်း လည် ပတ်နိုင်တော့ ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ အပစ်အခတ်ရပ်စဲရေးသည် ဂါဇာကမ်း မြောင်ဒေသရှိ ပြည်သူများ၏ ကျန်းမာရေးကို အမှန်တကယ် ကာကွယ်ရန်နှင့် မြှင့်တင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း ပြီးခဲ့သည့် အပတ်အတွင်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက မချမှတ်နိုင်ခဲ့သည့် အတွက် အထူးစိတ်မကောင်းဖြစ်ရကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု NHK သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN