
ဒီဇင်ဘာ ၁၂
“ဧရာဝတီတိုင်းတွင် NLD အစိုးရလက်ထက် ထုတ်ချေးထားသည့် စိုက်ပျိုး စရိတ်ချေးငွေ အကြွေးကျန်များကို ပြန်မဆပ်ပါက အရေးယူမည်ဆိုပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သတိပေးစာပို့ကာ ဖိအားပေးတောင်းယူနေသည်” ဟု ကော လာဟလ သတင်းတု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ “မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် တောင်သူဦးကြီးများ စိုက်ပျိုးစရိတ် ကုန်ကျမှုများကို အထောက်အကူပြုနိုင်ရန် နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေ များကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်း၊ ယင်းသို့ထုတ်ချေးရာ တွင် ယခင်နှစ်ကြွေးကျန် ကျေပြီးမှသာ ချေးငွေအသစ်ထုတ်ချေးသည့်စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပြီး ကြွေးကျန်များ ပြန်လည်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/ မြို့နယ်ဘဏ်ခွဲများအနေဖြင့် ကြွေးကျန်ချေးငွေ ကောက်ခံရေးဆောင် ရွက်ရာတွင် စည်းရုံးကောက်ခံသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက် လျက်ရှိပြီး ချေးငွေပေးဆပ်ရန်ပျက်ကွက်နေသည့် မည်သည့်တောင်သူ တစ်ဦးတစ်ယောက် ကိုမျှ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းနှင့် ချေးငွေညွှန်ကြားစာပါ စည်းကမ်းချက်များ နှင့်အညီ ကြွေးကျန်များ ပေးဆပ်ပြီးသည့် တောင်သူများကို ချေးငွေသစ်များ စိုက်ပျိုးချိန်အမီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့နေသည့် သတင်းသည် ပြည်ဖျက်မီဒီယာများက တောင်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် သတင်းမှားများဖော်ပြခြင်းသာဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် တောင်သူများ အကြားတွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း၊ ပြန်လည်ပေးဆပ်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းရရှိသည်။
#PAN