ရွှေတိဂုံစေတီတော်ကို နိုဝင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁ရက်ကို ၁၅၀ ဦးခန့် ဝင်ရောက်မှုရှိခဲ့

ဒီဇင်ဘာ ၁၂

      ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ရွှေတိဂုံစေတီတော်ကို လာရောက်သည့် ပြည်တွင်းပြည်ပဘုရားဖူးဧည့် သည် ၆ သိန်း ကျော် လာရောက်မှုရှိခဲ့ပြီး ၎င်းထဲမှ နိုင်ငံခြားခရီးသွားဧည့်သည်မှာ ၁ ရက်ကို ၁၅၀ ဦးခန့် ဝင်ရောက်မှုရှိခဲ့သည်ဟု ရွှေတိဂုံစေတီတော် ဘဏ္ဍာ ထိန်း ဂေါပကအဖွဲ့မှ သိရပါသည်။

       ရွှေတိဂုံစေတီတော်ကြီးကို လာရောက်သည့် ပြည် ပနိုင်ငံခြားခရီးသွား ဧည့်သည်များထဲမှာ အများအား ဖြင့်  တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံမျးမှ အများဆုံးလာရောက်ကြခြင်းဖြစ်ရာ ပြီးခဲ့သည့်လအတွင်း နိုင်ငံ ခြားခရီးသွား  ၈,၀၀၀ ကျော် လာရောက်လည်ပတ်ကြသည်ဟု သိရပါသည်။

       နိုဝင်ဘာလအတွင်း ရွှေတိဂုံစေတီတော်ကို ပြည် တွင်းပြည်ပမှ ဘုရားဖူးဧည့်သည် ၆ သိန်း ၅ သောင်းကျော် လာရောက်ဖူးမြော်ခဲ့ရာ ဘုရားဖူးလာရောက်မှုအနေနှင့် သံဃာတော် ၇,၀၂၅ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် အပါးရေ ၃,၃၉၀၊ အမျိုးသား ၂၉၂,၁၃၄ ဦး၊ အမျိုးသမီး ၃၄၃,၄၅၃ ဦး၊ နိုင်ငံခြား သား ၃,၈၃၀ ဦး၊ နိုင်ငံခြားသူ ၄,၃၈၈ ဦး စုစုပေါင်း ၆၅၄,၂၂၀ ဦး လာရောက်ခဲ့သည်ဟု သိရပါသည်။

      ရွှေတိဂုံစေတီတော်ကို ဘုရားဖူးပြည်သူများ လာရောက်ရာတွင် အဆင်ပြေစေရန် နံနက် ၅ နာရီ မှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားပါသည်။

#PAN