PSGအသင်းတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူရန် လီဗာပူးအသင်းစီစဉ်နေ

ဒီဇင်ဘာ ၄

လီဗာပူးအသင်းက အနာဂတ်မရေမရာဖြစ်နေသည့် ဆာလက်ချ်၏ နေရာ၌ အစားထိုးရန်အတွက် PSGအသင်းတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။

ဆာလက်ချ်ဟာ ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလကတည်းက မြင့်မားသည့် လုပ်ခလစာပေးချေပြီးခေါ်ယူမည့် ဆော်ဒီထိပ်တန်း အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားခွင့်ရရှိရန် အသင်းထံ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

PSGအသင်းနှင့် အမ်ဘတ်ပီတို့၏စာချုပ် သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီ ကစားသမားအပြောင်း အရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည့် အခြေအနေကြောင့် လီဗာပူးအသင်းကလည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့်အပြိုင် ခေါ်ယူရန်ပြင်ဆင်နေကြောင်း သိရပါတယ်။